ဘိုကလေးမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ဘိုကလေး ဇန်နဝါရီ ၂

လွတ်လပ်ရေး၏ အနှစ်သာရများအား ကျောင်းသား/ သူများအနေဖြင့် တန်ဖိုးထားသိမြင်နားလည်တတ်စေရေး၊ လွတ်လပ်ရေး၏အမွေအား လက်ဆင့်ကမ်းထိန်းသိမ်း စောင့်ရှောက်တတ်စေရေးတို့ကိုရည်ရွယ်ကာ ယနေ့နံနက် (၁၀) နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဘိုကလေးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ အရောက်သွား၍ ကျောင်းသား/ သူများအား (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (၁၉၄၆)ခုနှစ်တွင် အလယ်ပစ္စယံညီလာခံ၌ ပြောကြားခဲ့သော အမျိုးသားညီညွတ်ရေး မိန့်ခွန်းကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်(၅)ရပ်၊ လွတ်လပ်ရေးနေ့၏ တန်ဖိုး၊ ဂုဏ်၊ ဒြပ်များအား ဖော်ကျူးညွှန်းဆို ရေးဖွဲ့ထားသော ဆောင်ပုဒ်၊ ဆောင်းပါး၊ ကာတွန်း၊ ကဗျာများအား ထည့်သွင်းရေးဖွဲ့ အသိပညာပေးထားကြောင်း သိရသည်။

မိုးစက်