ပိုင်ကျုံ ဇန်နဝါရီ ၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့နံနက်ပိုင်းက အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအားကစားပြိုင်ပွဲများကို အ-ထ-က ရှမ်းရွာသစ်ကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ/မများက ဦးဆောင်ပြီး မီတာ (၅၀၊ ၇၅၊ ၁၀၀၊ ၂၀၀၊ ၃၀၀) အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်၊ သံပြားပစ်၊ ထုပ်စီးထိုးနည်းပြိုင်ပွဲကို မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်အထိ ကျောင်းသား/သူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း၊ ဆုရရှိသည့် ကျောင်းသား/သူများအား ကျောင်းစုံညီပွဲတော်တွင် ဆုများချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲ ပန်းချီပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)