ပေါင် ဇန်နဝါရီ ၂
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းတို့ကို ယနေ့မွန်းလွဲပိုင်းက သဲဖြူကုန်းကျေးရွာရှိ (အ.မ.က)ရဲပြာကုန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်မာလာအောင်နှင့် ဝန်ထမ်းများက ခေတ်အဆက်ဆက် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများ၊ လွတ်လပ်ရေးတိုက်ပွဲဝင် သူရဲကောင်းများ၊ ရရှိပြီးသည့်လွတ်လပ်ရေးကို အဓွန့်ရှည်တည်တံ့ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်မြင့်မားရေးတို့ကို အသိပညာပေးဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များ၊ ဓာတ်ပုံများကို တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြောင်း သိရသည်။
ပေါင် (ပြန်/ဆက်)