ခိုလမ် ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းအချိန်က အခြေခံပညာကျောင်းများတွင် ဖြန့်ဝေခဲ့ပါသည်။
အဆိုပါ “သတင်းစကား” လက်ကမ်းစာစောင်တွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နေ့ထူးနေ့မြတ်များကို တန်ဖိုးထားတတ်စေရန်နှင့် အသိပညာဗဟုသုတများရရှိစေရန် ဖြန့်ဝေပေးရာ ထိုလက်ကမ်းစာစောင်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်(၅)ရပ်၊ ပြည်တွင်းစည်းလုံးညီညွှတ်မှုကသာလျှင် အဓိကအကျဆုံးဖြစ်၊ အမျိုးသားညီညွှတ်ရေး၊ လွတ်လပ်ရေးနှင့် အချုပ်အခြာမျိုးချစ်စိတ်နှင့် ကာကွယ်ပါ၊ လွတ်လပ်ရေးဆိုသည်မှာနှင့် ရှေ့သို့လှမ်းချီ ပန်းတိုင်ဆီ စသည့်အချက်များပါဝင်ပြီး ကျောင်းသား/သူများနှင့် ပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နေလင်းထွန်း(ပြန်/ဆက်)