မိုင်းစံ ဇန်နဝါရီ ၃
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် ဓါတ်ပုံပြပွဲအား ယနေ့နံနက်၁၀နာရီခွဲအချိန်ခန့်က မိုင်းစံမြို့ ဝမ်လီကျာင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်ဥမ္မာထွေးမှ ဟောပြောပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူလူငယ်များအား (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားဦးတည်ချက် (၅) ရပ်နှင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေး အကြောင်းအရာများအား အကျယ်တဝင့် ဟောပြောခဲ့ကြောင်း သိရှိရပါသည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ဓါတ်ပုံများကို ကြည့်ရှု့လေ့လာကြကြောင်း သိရသည်။
မိုင်းစံ (ပြန်/ဆက်)