သရက်မြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲများ ဆက်လက်ကျင်းပ

သရက် ဇန်နဝါရီ ၃

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲများ ဆက်လက်ကျင်းပလျက်ရှိရာ ယနေ့နံနက်(၉)နာရီတွင် ဆီမီးဖိုင်နယ်အဖြစ်  အမှတ်(၅)အသင်းနှင့် ရေပေါ်ကျွန်းအသင်းတို့ ယှဉ်ပြိုင်ရာ အမှတ်(၅) အသင်းကအနိုင်ရရှိရာ ထုံးတောင်(က)အသင်းနှင့်ထုံတောင်(ခ)အသင်းတို့ ယှဉ်ပြိုင်ကြရာ ထုံးတောင်(ခ)အသင်းက အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။

အဆိုပါအသင်းများအမှ အမှတ်(၅)အသင်းနှင့် ထုံးတောင်(ခ)အသင်းတို့ ဇန်နဝါရီ(၄) ရက်နံနက်တွင် ဗိုလ်လုပွဲယှဉ်ပြိုင်ကြရမည်ပြီး ရေပေါ်ကျွန်းနှင့် ထုံးတောင်(က)အသင်းတို့ တတိယလုပွဲအဖြစ် ယနေ့နေ့လယ်ပိုင်းတွင် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

ဇော်ထက်(သရက်)