မင်းဘူး ဇန်နဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကလေးပြပွဲ၊ ပြိုင်ပွဲနှင့် ဆုပေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးအိက အဖွင့်အမှာစကားပြောကြားကာ၊ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာဉာဏ်မျိုးဝင်းမြင့်က စံပြမိခင်နှင့် ကလေးပြိုင်ပွဲများ ကျင်းပပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မွေးစမှ ၃ လ၊ ၆ လ၊ ၁ နှစ်၊ ၁ နှစ်ခွဲအထိ ကလေးငယ်များအား စာရင်းသွင်းပြီး ပေါင်ချိန်ခြင်း၊ အရပ်တိုင်းခြင်း အပြစ်အနာရှိမရှိ ကြည့်ရှုပြီးနောက် စံပြမိခင်ဆု၊ ပထမ၊ ဒုတိယ၊ တတိယဆုနှင့် ကလေးအမွှာဆုများကို ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စိုးစိုးအိ၊ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာ ဉာဏ်မျိုးဝင်းမြင့်၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်ဇင်ဦးနှင့် တာဝန်ရှိသူများက ဆုများကိုအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)