မင်းတုန်းမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့်ဟောပြောပွဲ ကျင်းပ

မင်းတုန်း ဇန်နဝါရီ ၃

၂၀၂၄ ခုနှစ်၊ ဇန်နဝါလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့်ဟောပြောပွဲကို ယမန်နေ့ညနေ  ၂နာရီက မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံတွင် ကျင်းပရာ ကျောင်းသား၊ ကျောင်းသူ (၄၀)ဦး တက်ရောက်ခဲ့ကြသည်။

အဆိုပါ နံရံကပ်စာစောင်တွင် လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလ မှတ်တမ်းဓါတ်ပုံများ၊ ဆောင်းပါးနှင့်ကဗျာများ ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြသည်။ ထို့နောက် (Community Centre) ခန်းမတွင် ဟောပြောပွဲကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက လွတ်လပ်ရေးနေ့နှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)