ငါ့သရောက် ဇန်နဝါရီ ၃
မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ်၊ စကားပုံဆက် ပြိုင်ပွဲများကို ယနေ့နံနက် (၁၀) နာရီ အချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးအေးမိုးက ပြိုင်ပွဲများ ကျင်းပရခြင်းမှာ အနာဂတ်ရဲ့ မျိုးဆက်သစ် လူငယ်လေးတွေ ဉာဏ်ရည်ဉာဏ်သွေး ထက်မြတ်စေရန် အတွေးအခေါ်ကောင်းများ တီထွင်ကြံဆတတ်စေရန်နှင့် မြန်မာစကားပုံဆိုရိုးစကားများကိုလည်း မိမိပတ်ဝန်းကျင်တွင် ကြုံတွေ့ရသည့်အခါ နှိုင်းယှဉ်ပြောဆိုသည့် အလေ့အကျင့်များ ရရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ပြီး ပြိုင်ပွဲဝင် ကျောင်းသား/သူများကို ပေါင်မုန့်၊ ကိတ်မုန့်နှင့် ဘောပင်များ ဝေငှပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)