ရွှေသောင်ယံ ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယခုဆောင်းဦးရာသီ၌ တစ်နိုင် တစ်ပိုင် ဆောင်းသီးနှံများ စိုက်ပျိုး၍ မိသားစုဝင်ငွေများ ရှာဖွေလာကြသည်။ သို့ရာတွင် ရွှေသောင်ယံမြို့ရှိ ဆောင်းသီးနှံများ စိုက်ပျိုးသောနေရာများမှာ ရွှေသောင်ယံမြို့ အမှတ်(၁) ရပ်ကွက်နှင့် သဲကုန်းကျေးရွာအုပ်စုတို့၌ စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ထို့သို့စိုက်ပျိုးလုပ်ကိုင်ကြရာတွင် တစ်ဦးလျှင် (၂)ဧက၊ (၃)ဧက၊ (၄)ဧက စသည်ဖြင့် စိုက်ပျိုး ကြပြီး သီးနှံများအဖြစ် ပြောင်း၊ ငရုပ်၊ မြေပဲ၊ ချဉ်ပေါင်၊ သခွား၊ ကန်စွန်း၊ နံနံပင်၊ မုန်လာဥ စသည်ဖြင့် အဓိကထား စိုက်ပျိုးကြပြီး တစ်ချိုတောင်သူများလည်း တိုင်ထောင်ပဲ အမျိုးအစား များ၊ ဖရုံ၊ ဘူး စသည်ဖြင့် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆောင်သီးနှံပင်များ စိုက်ပျိုးရောင်းချခြင်းဖြင့် အနည်း၊ အများစိုက်ပျိုးလုပ်ကိုင်ကြသည့် အပေါ် မူတည်၍ အမြတ်ဝင်ငွေများ ကွာခြားမှုရှိသော်လည်း အောင်မြင်သော လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။ ဆောင်သီးနှံတစ်ရာသီကို အနည်းဆုံး(၁၅)သိန်းခန့် အမြတ်ဝင်ငွေရရှိ ကြောင်း (၃)ဧကခန့် စိုက်ပျိုးလုပ်ကိုင်နေသူ တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
ထို့ကြောင့် ဆောင်းသီးနှံစိုက်ပျိုးလုပ်ကိုင်သော တောင်သူများအဖို့ အချိန်ပေးပြီး အနည်းငယ် ပင်ပန်းသော အလုပ်ဖြစ်သော်လည်း ထိုက်သင့်သောအမြတ်ဝင်ငွေရရှိသည့်အတွက် သီးနှံ စိုက်ပျိုးလုပ်ကိုင်သူများ များပြားလာလျက်ရှိကြောင်း သိရသည်။
ရွှေသောင်ယံ(ပြန်/ဆက်)