ဟိုပင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုအဖြစ် ပြိုင်ပွဲများ၊ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်

ဟိုပင် ဇန်နဝါရီလ ၂

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ရောက်ရှိမည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုအဖြစ် ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ(၁)နာရီ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများတွင် တက်ရောက်လာကြသည့် ကျောင်းသား/သူ(၂၅)ဦးမှ စိတ်ပါဝင်စားစွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား စာပေချစ်မြတ်နိုးသူအသင်းဝင်များက ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လွတ်လပ်ရေးနေ့ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့ဦးစီးမှူးဒေါ်လင်းသွယ်သွယ်ဦးက လွတ်လပ်ရေးကိုတန်ဖိုးထားပါ ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။

လင်းသွယ်သွယ်ဦး