ဟုမ္မလင်း ဇန်နဝါရီ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ် စီမံခန့်ခွဲမှုကော်မတီနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဌာနဆိုင်ရာ ၀န်ထမ်းပေါင်းစုံ အမျိုးသား/အမျိုးသမီးများ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာ ၃၀ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၀င်းတွင် စတင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ပြိုင်ပွဲကို ဌာနပေါင်းစုံမှ အမျိုးသား (၇)သင်း၊ အမျိုးသမီး(၄)သင်းဖြင့် ဒီဇင်ဘာ (၃၀)ရက်နေ့မှ ဇန်နဝါရီလ(၃)ရက်နေ့အထိ ယှဥ်ပြိုင်ကစားကြသွားမည်ဖြစ်ပြီး၊ ဆုရရှိသော အသင်းသူ/အသင်းသားများကို ဇန်နဝါရီ(၄)ရက်နေ့တွင် ကျရောက်မည့် ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဆုများ ဆက်လက်ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)