(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တာလေမြို့၊ တာကြန့်ခေတ်မီစံပြကျေးရွာ၊ ကျေးရွာတွင်း ကွန်ကရစ်လမ်းဖွင့်ပွဲ ကျင်းပ

တာလေ ဇန်နဝါရီ ၃

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ တာလေမြို့၊ တာကြန့်ခေတ်မီစံပြကျေးရွာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သော ကျေးရွာတွင်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဉီးစွာ မြို့အုပ်ချုပ်ရေးမှူးဉီးလင်းလင်းအောင်နှင့် တာချီလိတ်ခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးသန်းတို့က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ တာချီလိတ်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ မြို့နယ်ဉီးစီးမှူးဒေါ်လဲ့လဲ့သင်းက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားပြီး ရပ်မိရပ်ဖ ဆရာဉီးဝင်းမြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် မြို့အုပ်ချုပ်ရေးမှူးဉီးလင်းလင်းအောင်၊ တာချီလိတ်ခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ဉီးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးသန်းနှင့် မြို့နယ်ဉီးစီးမှူးဒေါ်လဲ့လဲ့သင်း၊ နားယောင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဉီးအောင်ထန်၊ တာကြန့်ခေတ်မီစံပြ ကျေးရွာမှ ရွာသူကြီးဉီးစိုင်းစံနွန်းတို့က ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မှတ်တမ်းဓာတ်ပုံရိုက်ကူးကာ အဆိုပါလမ်းကို ဖြတ်သန်းကြည့်ရှုခဲ့သည်။

အဆိုပါ ဖွင့်လှစ်လိုက်သည့် တာကြန့်ခေတ်မီစံပြကျေးရွာ၊ ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်သည် အရှည် ၆၀၀ ပေ၊ အကျယ် ၁၀ ပေနှင့် ထု ၆ လက်မရှိပြီး ကျေးရွာတွင်း အိမ်ခြေနှင့်အိမ်ထောင်စု(၁၁၀)၊ လူဉီးရေ(၅၁၀)အား သွားလာရေးအကျိုးပြုမည်ဖြစ်ကာ ပြည်ထောင်စုရန်ပုံငွေကျပ် ၁၉ ဒဿမ ၄ သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဉီးထံမှ သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)