မော်လမြိုင် ဇန်နဝါရီ ၃
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး(၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ယုက ကော်မတီဝင်များအနေနဲ့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို မိမိတို့ဌာနရဲ့ လုပ်ငန်းဆောင်ရွက်ချက်များနဲ့အတူ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရေးအတွက် လစဉ်အစည်းအဝေးကို ဆောင်ရွက်သွားရန် စီစဉ်ခဲ့သော်လည်း ပြည်နယ်လူမှုဝန်ထမ်းရုံးရဲ့ လုပ်ငန်းအခက်အခဲများကြောင့် ယခုအစည်းအဝေးကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးအနေဖြင့်လည်း ဖြစ်ရပ်များကို စနစ်တကျနည်းလမ်းမှန်ကန်စွာ လွှဲပြောင်းနိုင်ရေးအတွက် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုသင်တန်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြည်နယ်လူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမ၌ (၂၇-၉-၂၀၂၃) ရက်နေ့မှ (၂၉-၉-၂၀၂၃) ရက်နေ့ထိ (၃) ရက်တာကို သင်တန်းသား (၃၀) ဦးဖြင့် ဖွင့်လှစ်ပေးခဲ့သည်ကို သိရှိရပါကြောင်း၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများ ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ စာရင်းဇယားများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ပေးပို့တင်ပြထားပြီး ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကော်မတီဝင်များအနေဖြင့် ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ရှေးရှု၍ မိမိတို့ဌာနအလိုက် ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူးက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများ၏ ဆွေးနွေးတင်ပြချက်များအပါ် တာဝန်ရှိသူများက အကြုံပြုဆွေးနွေးခဲ့ကြပြီး မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ယုက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)