တာလေမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပ

တာလေ ဇန်နဝါရီ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကျောင်းတွင်းအားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ အဆိုပါကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

ရှေးဉီးစွာ တာဝန်ရှိ ဆရာ၊ ဆရာမများက ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး အတန်းအလိုက် မုန့်စားပြိုင်ပွဲ၊ ပူပေါင်းဖောက်ပြိုင်ပွဲ၊ သံပုံးရိုက်ပြိုင်ပွဲ၊ သုံးချောင်းထောက်ပြိုင်ပွဲ၊ စားပွဲတင် တင်းနစ်ပြိုင်ပွဲ၊ ခြင်းလုံးပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲနှင့် အမြင့်ခုန်ပြိုင်ပွဲများ ကျင်းပလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား အတန်းအလိုက် တာဝန်ရှိ ဆရာ၊ ဆရာမများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း အဆိုပါကျောင်း၊ တာဝန်ရှိသူတစ်ဉီးထံမှ သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)