ခိုလမ် ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် အခြေခံပညာမူလတန်း(နောင်ပိန်)ကျောင်းနှင့် ပူးပေါင်း၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်က ကျင်းပခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမာက ကျောင်းသား/သူများအနေဖြင့် နေ့ထူးနေ့မြတ်များကို အလေးအနက်ထားရန်နှင့် မမေ့မလျော့ကြရန် ပြောကြားခဲ့ပြီး (စာကြည့်တိုက်လက်ထောက်-၃) ဒေါ်ဝေဝေအောင်မှ လွတ်လပ်ရေး၏ အဓိပ္ပာယ်များ၊ မြန်မာတစ်မျိုးသားလုံး၏ သူ့ကျွန်မခံလိုသော စိတ်ဓာတ်၊ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းခဲ့ပုံများ၊ အဖိုးတန်သောလွတ်လပ်ရေးကို တန်ဖိုးထားတက်စေရန် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော ကျောင်းသား/သူများအား မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
နေလင်းထွန်း(ပြန်/ဆက်)