သတင်းများ

၂၀၂၄-ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲနှင့် ပျော်ပွဲရွှင်ပွဲကျင်းပ
Jan 05,2024
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်ပန်းခြံတွင် ယမန်နေ့ညနေ (၆)နာရီအချိန်မှ ည(၁၀)နာရီအချိန်အထိ ၂၀၂၄-ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲနှင့် ပျော်ပွဲရွှင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြပြီး ပွဲတော်တွင် အပန်းဖြေလာရောက်ကြသူများဖြင့် အထူးပင် စည်ကားလျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ်၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ မော်လမြိုင်ဇုန် ဘောလုံး၊ ဘော်လီဘောအသင်းနှင့် မော်လမြိုင်တက္ကသိုလ် ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်အသင်းများ အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနား တက်ရောက်
Jan 05,2024
၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ မော်လမြိုင်ဇုန် ဘောလုံး၊ ဘော်လီဘောအသင်းနှင့် မော်လမြိုင်တက္ကသိုလ် ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ စားပွဲတင်တင်းနစ်အသင်းများ အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၅ရက်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်တက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ မော်လမြိုင်တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများ၊ အားကစားသမားများ တက်ရောက်သည်။
ကော့သောင်းမြို့နယ် မြတ်သစ္စာကျန်းမာရေးဝန်ဆောင်မှု သမဝါယမအသင်းလီမီတက်၏ ၂၀၂၂-၂၀၂၃ခု နှစ် ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
Jan 05,2024
တနင်္သာတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင်  မြတ်သစ္စာကျန်းမာရေး ဝန်ဆောင်မှု သမဝါယမအသင်းလီမီတက်၏ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့ မွန်းလွဲ (၁၃:၀၀) အချိန်က မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် တိုင်းဒေသကြီးအတွင်း ထူးချွန်စွာဆောင်ရွက်ခဲ့သူများအား ဂုဏ်ထူးဆောင်တံဆိပ်၊ ဆုငွေချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Jan 05,2024
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် တိုင်းဒေသကြီးအတွင်း ထူးချွန်စွာဆောင်ရွက်ခဲ့သူများ အား ဂုဏ်ထူးဆောင်တံဆိပ်၊ ဆုငွေချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်း ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဂုဏ်ထူးဆောင်တံဆိပ်ရရှိကြသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဒေါပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံ (လူသစ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ တတိယလုပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jan 05,2024
ဒေါပုံမြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား၊ ရပ်ကွက်ပေါင်းစုံ (လူသစ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ တတိယလုပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အားကစားခန်းမတွင် ကျင်းပ​ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဒလမြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ရိုးရာအား ကစားနည်း (၉) မျိုး ပြိုင်ပွဲများ၌ ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
Jan 05,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ရိုးရာအားကစားနည်း (၉) မျိုး ပြိုင်ပွဲများ၌ ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကမာကသွယ်ရပ်ကွက်၊ ဗိုလ်တေဇအားကစားကွင်း၌ ကျင်းပခဲ့သည်။
မွန်ပြည်နယ် ဝန်ကြီးချုပ်၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ မော်လမြိုင်ဇုန် ဘောလုံး၊ ဘော်လီဘောအသင်းနှင့် မော်လမြိုင်တက္ကသိုလ် ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်အသင်းများ အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနား တက်ရောက်
Jan 05,2024
၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ မော်လမြိုင်ဇုန် ဘောလုံး၊ ဘော်လီဘောအသင်းနှင့် မော်လမြိုင်တက္ကသိုလ် ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ စားပွဲတင်တင်းနစ်အသင်းများ အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၅ရက်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်တက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ မော်လမြိုင်တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများ၊ အားကစားသမားများ တက်ရောက်သည်။
ကျိုက်လတ်မြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ
Jan 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ၁၀ ဖြတ်လမ်းရှိ မြို့နယ်ပြည်သူ့အားကစားကွင်းတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကို ယမန်နေ့ နံနက်(၈)နာရီက ကျင်းပပြုလုပ်ခဲ့သည်။