ကော့သောင်း ဇန်နဝါရီ ၅
တနင်္သာတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် မြတ်သစ္စာကျန်းမာရေး ဝန်ဆောင်မှု သမဝါယမအသင်းလီမီတက်၏ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့ မွန်းလွဲ (၁၃:၀၀) အချိန်က မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သဘာပတိ ဦးညီညီကျော်က အဖွင်အမှာစကား ပြောကြားရာတွင် ကျန်းမာရေး ဝန်ဆောင်မှုအသင်း၏ လုပ်ငန်းဆောင်ရွက်မှုအနေဖြင့် ကော့သောင်းခရိုင်အတွင်း မြို့ပေါ်ဆေးခန်းနှင့် ကျေးရွာအရောက် ကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပြီး တစ်နှစ်အတွင်း လူနာဦးရေ (၅၀၀၀)ကျော်အား ကျန်းမာရေး စောင့်ရှောက်ပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းအောင်က အမှာစကား ပြောကြားခြင်းနှင့် ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးရှင်းတမ်း အစီရင်ခံစာများကို ဖတ်ကြား အတည်ပြုခဲ့ကြပြီး အမှုဆောင်ဒါရိုက်တာအဖွဲ့၏ အစီရင်ခံ ဖတ်ကြားတင်သွင်း၍ အတည်ပြုချက် ရယူဆောင်ရွက်နိုင်ခဲ့ပြီး အစည်းအဝေးကို အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ အသင်းအနေဖြင့် ၂၄.၁.၂၀၂၃ ရက်နေ့တွင် အသင်းဝင်အမှတ် ဆ-၈၅၀ ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး အသင်းသား အသင်းသူ (၁၅) ဦးတို့ဖြင့် ကော့သောင်းမြို့နယ်အတွင်း ကျန်းမာရေး ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)