ကျိုက်လတ် ဇန်နဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ၁၀ ဖြတ်လမ်းရှိ မြို့နယ်ပြည်သူ့အားကစားကွင်းတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကို ယမန်နေ့ နံနက်(၈)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲများကျင်းပရာတွင် မီတာ(၁၀၀) အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဂုန်နီအိတ်စွတ် အပြေးပြိုင်ပွဲနှင့် စကောရွက်ပြိုင်ပွဲများအား ကျား၊ မခွဲ၍ စီစဉ်ကျင်းပခဲ့ပြီး ပြိုင်ပွဲများကို ကျိုက်လတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် ပြိုင်ပွဲအသီးသီး၌ ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ကျိုက်လတ်(ပြန်/ဆက်)