သတင်းများ

ဆင်ပေါင်ဝဲမြို့နယ်၊ ဘုရားငါးဆူစေတီတော်မြတ်ကြီးတွင် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ
Jan 05,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ အမှတ် (၃) ရပ်ကွက်ရှိ ဘုရားငါးဆူစေတီ တော်မြတ်ကြီးတွင် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲဖွင့်ပွဲ အခမ်းအနားအား ယမန်​နေ့ နေ့လယ် ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဘုတ်ပြင်းမြို့ စံပြမိခင်၊ ကလေးပြိုင်ပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Jan 05,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စံပြမိခင်၊ ကလေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့က မြို့နယ်မိခင်နှင့်စောင့်ရှောက်ရေးအသင်းရုံးတွင် ကျင်းပခဲ့သည်။
မိတ္ထီလာအကျဉ်းထောင်မှ လွတ်ငြိမ်းခွင့်ဖြင့် အကျဉ်းသား/အကျဉ်းသူ (၇၆)ဦးအားလွှတ်ပေး
Jan 05,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အကျဉ်းဦးစီးဌာနမှ လွတ်ငြိမ်းခွင့်ဖြင့် အကျဉ်းသား/အကျဉ်းသူ (၇၆)ဦးကို ယမန်နေ့နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်က နန်းတော်ကုန်းရပ်ကွက်ရှိ အကျဉ်းထောင်မှလွှတ်ပေးခဲ့ကြောင်း သိရသည်။
ပုဂံ- ညောင်ဦးခရီးစဉ်ဒေသ စီမံခန့်ခွဲရေးကော်မတီ (Destination Management Organization (DMO) လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲပြုလုပ်
Jan 05,2024
ပုဂံ-ညောင်ဦးခရီးစဉ်ဒေသ စီမံခန့်ခွဲရေးကော်မတီ (DMO) လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ညောင်ဦးမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၃ ရက်နေ့ ညနေ ၅ နာရီအချိန်တွင်ကျင်းပရာ ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး (DMO) ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ဖိတ်ကြားထားသည့် ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊  DMO အဖွဲ့တွင် ပါဝင်သော အသင်းအဖွဲ့များ ဒေသခံများ တက်ရောက်ခဲ့ကြသည်။ ဆွေးနွေးပွဲတွင် ပုဂံ-ညောင်ဦးခရီးစဉ် ဒေသစီမံခန့်ခွဲရေးကော်မတီ (DMO) ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ဦးတိုးလွင်က အဖွင့်အမှာ စကားပြောကြားပြီး၊ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းက (Destination Management Organization, DMO)  ခရီးသွားလုပ်ငန်းဆိုင်ရာ အချက်အလက်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ငါန်းဇွန်မြို့ မပြည်သူ့အားကစားကွင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ
Jan 05,2024
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ငါန်းဇွန်မြို့မပြည်သူ့အားကစားကွင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် ၈ နာရီအချိန်မှ စတင်ကျင်းပခဲ့ပြီး ပြိုင်ပွဲများအလိုက် ဆုရရှိသည့်အသင်းများ၊ ဆုရရှိသူများအား ပြိုင်ပွဲများအပြီးတွင် ဆုများချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား(၃)ယောက်တွဲ ဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့်ရပ်ကွက်/ကျေးရွာပေါင်းစုံ ဖိတ်ခေါ်အမျိုးသား(၄)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ
Jan 05,2024
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား(၃)ယောက်တွဲ ဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ရပ်ကွက်/ကျေးရွာပေါင်းစုံ ဖိတ်ခေါ်အမျိုးသား(၄)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေ ၃ နာရီအချိန်က မြို့နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် စူပါဘိုကာရှီ မြေဆွေးပုံများ လက်တွေ့ပြုလုပ်ပြသ
Jan 05,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် စူပါဘိုကာရှီ မြေဆွေးပုံများ လက်တွေ့ပြုလုပ်ပြသခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူများပူးပေါင်း၍ နည်းပညာပေး လက်တွေ့ပြုလုပ်ပြသခဲ့သည်။