တပ်မတော် မြစ်တွင်းသွားဆေးရုံရေယာဥ် (ရွှေပုဇွန်)ဟင်္သာတ မြို့နယ်အတွင်းရှိ ပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေး
Nov 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်သို့ တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဥ် (ရွှေပုဇွန်) နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ဧရာဝတီမြစ်ကြောင်းမှတဆင့် ဟင်္သာတမြို့၊ ပခန်းရပ်ကွက်၊ ကမ်းနားဆိပ်သို့ ယနေ့နေ့လည် ၁၁ နာရီက ရောက်ရှိလာခဲ့ရာ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ဒုတိယဗိုလ်မှူးကြီး ဝင်းမင်းအောင်နှင့် အဖွဲ့ဝင်များ ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွှန့်ဆန်းထွန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၂၅၀)ဦးခန့်မှ ကြိုဆိုခဲ့သည်။