နတ်မောက် ဇန်နဝါရီ ၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် (၉) နာရီအချိန်က အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။ အခမ်းအနားတွင် အ.ထ.က (၁) Grade-10 ကျောင်းသား/ကျောင်းသူများက ဘက်စုံပညာသီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းအေးမှ ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။
ဆက်လက်၍ အ.ထ.က (၁) ကျောင်းအုပ်ဆရာကြီး ဦးမင်းဆွေးမှ ကျောင်းသား/ကျောင်းသူလေးများ ဗလငါးတန်နှင့် ပြည့်စုံစေရေးအတွက် ဉာဏနှင့် ကာယ ပြိုင်ပွဲများတွင် ဆုရရှိသူများအားလုံးကို ကျောင်းဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အဆင့်လူရည်ချွန်၊ အင်္ဂလိပ်စာ၊ သင်္ချာထူးချွန်၊ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ၊ စာစီစာကုံး၊ ပန်းချီ၊ ပုံပြော၊ ယဉ်ကျေးလိမ္မာ၊ ကျပန်းစကားပြော ပြိုင်ပွဲနှင့် ကျောင်းတွင်း အင်္ဂလိပ်စာ၊ သင်္ချာ ထူးချွန်၊ လူရည်ချွန် စသည့် ဉာဏဆုများနှင့် မြို့နယ်ဘောလုံးလက်ရွေးစင်၊ ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ ဘောလုံးစသည့် ကာယဆုများအား တက်ရောက်လာကြာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ဆုများအသီးသီးချီးမြှင့်ခဲ့သည်။အဆိုပါ အခမ်းအနားတွင် ကျောင်းသား/ကျောင်းသူများက အဆို၊ အက များဖြင့် အသီးသိးဖျော်ဖြေပေးခဲ့ရာ ဌာနဆိုင်ရာများနှင့် ကျောင်းသားမိဘများက တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။
လှဝင်း