သတင်းများ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ ဆေးတက္ကသိုလ်(မကွေး)ဝင်းအတွင်း သန့်ရှင်းသာယာလှပစေရေး ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး
Nov 05,2023
မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်နှင့် မြို့နယ်များတွင် မြို့ရွာသန့်ရှင်းသာယာ လှပရေး၊  ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ဆေးရုံဆေးခန်းများ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးတို့အတွက် အပတ်စဉ်(စနေနေ့တိုင်း)စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၇ နာရီအချိန်က မကွေးမြို့ ဆေးတက္ကသိုလ်(မကွေး)ဝင်းအတွင်း ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်း လေတပ် ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် ထွန်းဝင်း၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးကြီး သန်းနိုင်ညွှန့်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးတပ်နယ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ အကြီးအကဲများက သွားရောက်၍ ကြည့်ရှုအားပေးသည်။
ကျွန်းလှ၌ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာ စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Nov 05,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာ အထက်တန်းကျောင်း (ကျွန်းလှ) ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မင်းဘူးမြို့၌ သာသနာ့ဗိမာန်တော် အဆောက်အအုံသစ်ဆောက်လုပ်ရန် မြေသန့်မင်္ဂလာအခမ်းအနားကျင်းပ
Nov 05,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် သာသနာ့ဗိမာန်တော် အဆောက်အအုံသစ် ဆောက်လုပ်ရန်အတွက် မြေသန့်မင်္ဂလာပြုလုပ်ခြင်း အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီက အဆိုပါ အဆောက်အအုံသစ် ဆောက်လုပ်မည့် မင်းဘူးမြို့ ဦးဩဘာသခန်းမဘေးရှိ မြေကွက်လပ်၌ ကျင်းပသည်။
နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံထမ်းဆောင်နေကြသော တပ်မတော်သားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ လာရောက်ပေးအပ်
Nov 05,2023
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ယမန်နေ့ မွန်းလွဲ(၂) နာရီအချိန်က တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ စေတနာရှင် အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိကြောင်း သိရသည်။
(၁၂၃)ကြိမ်မြောက် ကမာဝက်မြို့ ဆံတော်ရှင်ကျိုက်တမော့စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော် မဟာသံဃိက ဆွမ်းကြီးလောင်းလှူပွဲ ကျင်းပ
Nov 05,2023
မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့ရှိ သမိုင်းဝင်ဆံတော်ရှင် ကျိုက်တ​မော့​စေတီတော်၏ (၁၂၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် မြို့လုံးကျွတ် မဟာသံဃိက ဆွမ်းကြီးလောင်းလှူပွဲကို ယမန်နေ့က မြို့တွင်းလမ်းတစ်လျောက်၌ စည်ကားသိုက် မြိုက်စွာ ကျင်းပသည်။
ကြံခင်းမြို့နယ် (အ.ထ.က-၁)ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Nov 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်ပြီး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ်ပိုင်းက ကြံခင်းမြို့၊ (အ.ထ.က-၁)ကျောင်း၊ အောင်ကျော်ခန်းမတွင် ကျင်းပပြုလုပ်သည်။
မြန်အောင်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ကွင်းဆင်းဆောင်ရွက်
Nov 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဇွန်းခုံ ကျေးရွာအုပ်စု ကုန်းတလုံးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့နေ့လည်က မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံ၍ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ် တောင်ဘိုကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းနှင့် ရေသန့်စင်စက် တပ်ဆင်ခြင်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး
Nov 05,2023
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် တောင်ဘိုကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်း၊ ဆိုလာစနစ်ဖြင့် ရေသန့်စင်စက် တပ်ဆင်ခြင်းလုပ်ငန်းနှင့် ဂါလံ ၁၀၀၀ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်း လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။