သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (တောင်ကြီး)မှ ကျောင်းသား/ ကျောင်းသူများ သမဝါယမအသင်းများသို့ လက်တွေ့ကွင်းဆင်း

တောင်ကြီး ဇန်နဝါရီ ၆

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(တောင်ကြီး)မှ ဒုတိယနှစ် သင်တန်းသား/ သင်တန်းသူ (၅၁)ဦးတို့သည် စာရင်းရေး၊ စာရင်းကိုင်သင်ခန်းစာများကို လက်တွေ့ကွင်းဆင်းဆောင်ရွက်သည့်အနေဖြင့် တောင်ကြီးခရိုင် ဂျီအီးစီဝန်ထမ်းပေါင်းစုံ သမဝါယမအသင်း၊ အောင်မြတ်အထွေထွေ စီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်၊ ရွှေမြို့မအထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၊ တောင်ကြီးမြို့နယ် သမဝါယမအသင်းစုနှင့် ချမ်းသာရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်များသို့ အဖွဲ့(၅)ဖွဲ့ခွဲ၍ ကထိကနှင့် ဆရာ/ ဆရာမများ ဦးဆောင်ပြီး သမဝါယမအသင်းစာရင်းများအား လက်တွေ့စစ်ဆေးကြည့်ရှုခြင်း၊ လေ့လာမှတ်သားခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ရာ တောင်ကြီးမြို့နယ် သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးမောင်မောင်သန်းနှင့် တာဝန်ရှိသူများက သမဝါယမအသင်းများ၏ စာရင်းဇယားများ ရည်မှန်းချက်များ ဆောင်ရွက်နေသည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။

စိုင်းသန်းကျော်