ရွှေသောင်ယံ ဇန်နဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အ-မ-က(၇၉)ဂျိုင်လယ်ကျောင်းတွင် ယနေ့နံနက် (၇)နာရီမှစ၍ စုံညီပွဲတော်အားကစားပြိုင်ပွဲများ ပြုလုပ်ကျင်းပလျှက်ရှိသည်။
အဆိုပါအားကစားပြိုင်ပွဲများတွင် အပြေးပြိုင်ပွဲ၊ ကျောက်ခဲကောက်ပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲ၊ ဂေါ်လီလုံးအရောင်ခွဲပြိုင်ပွဲ၊ ခုံလုပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ စသည်ဖြင့် အားကစားနည်းမျိုးစုံဖြင့် ယှဉ်ပြိုင်ကစားကြပြီး အားကစားပြိုင်ပွဲသို့ လာရောက်ကြသော ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ဧည့်ပရိသတ်များအား မုန့်ပဲ၊ သွားရေစာများဖြင့် ကျွေးမွေးဧည့်ခံခဲ့သည်။
ထို့နောက် နေ့လည်(၁)နာရီတွင် ဆုပေးပွဲအခမ်းအနားများအား ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေသောင်ယံ (ပြန်/ဆက်)