မုဒုံမြို့၌ အခြေခံပညာ ဆရာ၊ ဆရာမများ အင်္ဂလိပ်စာအရည်အသွေးမြှင့် သင်တန်းဖွင့်လှစ်

မုဒုံ ဇန်နဝါရီ ၆

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ဆရာ၊ ဆရာမများအား အင်္ဂလိပ်စာ အရည်အသွေးမြှင့် သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အ.ထ.က (၂) ကျောင်းရှိ ပညာရတနာခန်းမ၌ ပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင် မုဒုံမြို့နယ် ပညာရေးမှူး ဒေါ်မြဝင်းက ပညာရေးကဏ္ဍတိုးတက် မြင့်မားလာစေရန်၊ တိုးတက်ပြောင်းလဲလာသော ပညာရေးစနစ်နှင့်အညီ အခြေခံကျသည့် မူလတန်းဘာသာရပ်ပညာများမှစ၍ အဓိကကျပါကြောင်း၊ ဆရာ၊ ဆရာမများ အနေဖြင့်လည်း အင်္ဂလိပ်စာဘာသာရပ်စွမ်းရည်ကို နည်းစနစ်တကျ လေ့လာသင်ယူကြရန်နှင့် သင်တန်းဆိုင်ရာ စည်းမျည်းစည်းကမ်းများကိုပြောကြားသည်။

အဆိုပါ သင်တန်းကို မြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်း၊ အလယ်တန်းကျောင်းများမှ ဆရာ၊ ဆရာမ (၁၃၀) ဦးတို့က တက်ရောက်ကြပြီး သင်တန်းနည်းပြ (၅) ဦးဖြင့်  တစ်ပတ်ကြာ သင်ကြားပို့ချဆွေးနွေး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)