ကွန်ဟိန်းမြို့၌ မြို့နယ်အဆင့် စုံညီအားကစားပွဲ ကျင်းပ

ကွန်ဟိန်း ဇန်နဝါရီ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်စုံညီအားကစားပွဲကို ဇန်နဝါရီလ ၆ ရက် နံနက် ၈ နာရီခန့်က ကွန်ဟိန်းတပ်နယ်ဘောလုံးကွင်းတွင် ကျင်းပခဲ့သည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ပညာထက်မြက်စေရန်၊ ကိုယ်ကာယကြံ့ခိုင်မှုရှိစေရန်၊ ပြိုင်ပွဲများဝင်ရောက် ယှဉ်ပြိုင်လိုစိတ်ရှိရန်နှင့် ကျန်းမာသန်စွမ်းစေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအားကစားပွဲတွင် ကျား/မ မီတာ(၁၀၀ ၊ ၂၀၀)အပြေးပြိုင်ပွဲ၊ ဇကောရွက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ အိတ်စွတ်ပြိုင်ပွဲ၊ အကျီဝတ်ပြိုင်ပွဲများကိုကျင်းပခဲ့ပြီး ကွန်ဟိန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူ စုစုပေါင်း(၁၆၀)ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

ကျောင်းသားအားကစားပြိုင်ပွဲများ ကျင်းပနေမှုကို ဒုတိယမြို့နယ်ပညာရေးမှူး ဦးခွန်မောင်ရွှေ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူးဦးစောနိုင်ဝင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက စနစ်တကျကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)