၂၀၂၃-၂၀၂၄ ခုနှစ် ဟင်္သာတမြို့နယ် ပညာရေးမှူးဖလား အသက်(၁၃)နှစ်အောက် မူလတန်းအဆင့် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ဟင်္သာတ ဇန်နဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ဟင်္သာတမြို့၊ ဥယျာဉ်မြောက်ရပ်ကွက်၊ လမ်းမတော်လမ်းရှိ မြို့နယ်ပြည်သူ့အားကစားကွင်းတွင် ၂၀၂၃-၂၀၂၄ ခုနှစ် ဟင်္သာတမြို့နယ် ပညာရေးမှူးဖလား အသက်(၁၃)နှစ်အောက် မူလတန်းအဆင့် ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄နာရီခွဲ အချိန်က အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။

 ဆုပေးပွဲအခမ်းအနားတွင် တတိဆုရ နတ်မော်တိုက်နယ် ဘောလုံးအသင်းအား ငွေသားကျပ် (၂၀၀၀၀၀)သိန်းကျပ်ကို ဟင်္သာတမြို့ အ.ထ.က(၂)ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာဌေးနှင့် တစ်ဦးချင်းဆုတံဆိပ်များကို အ.ထ.က(၄) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမွန်တို့မှ လည်းကောင်း၊ ဒုတိယဆုရ မြို့မဇုန်(၁)အသင်းအား ငွေကျပ်(၃၀၀၀၀၀)သိန်းကျပ်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဦးမြင့်သိန်းအောင်နှင့် တစ်ဦးချင်း ဆုတံဆိပ်များအား ဒုတိယမြို့နယ်ပညာရေးမှူး ဦးမင်းဇော်ထူး တို့မှလည်းကောင်း၊ ပထမဆုရ ဘုရားကုန်းဇုန်ဘောလုံးအသင်းအား ဆုငွေကျပ် (၅၀၀၀၀၀)သိန်းကို အ.ထ.က(၆)(ဟင်္သာတ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြမြသိန်းနှင့် တစ်ဦးချင်းဆုတံဆိပ်များကို ဟင်္သာတခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဆရာကြီးဦးအောင်စိုးတို့မှလည်းကောင်း၊ ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်း၊ ဂိုးသမားအကောင်းဆုံးနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဘောလုံးသမားဆုတို့အား တာဝန်ရှိသူများမှ အသီးသီးဆုများချီးမြှင့်ခဲ့ပြီး ပထမတစ်ခွန်စိုက် ဖလားဆုအား ဟင်္သာတမြို့နယ် ပညာရေးမှူး ဒေါ်ခင်နှင်းယုမှ ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ ဗိုလ်လုပွဲပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများ၊ အားကစားသမားနှင့် နည်းပြအဖွဲ့ဝင်များ၊ စုစုပေါင်း(၁၅၀၀)ဦးခန့် လာရောက်အားပေးခဲ့ကြပြီး ဘောလုံးပြိုင်ပွဲအား ၂၀၂၃ ဒီဇင်ဘာ၂၇ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့အထိ (၁၀)ရက်တာ ကျင်းပပြုလုပ်ခဲ့ကာ ဟင်္သာတမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဘောလုံးအသင်း(၁၅)သင်းတို့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်ဆက်)