သာပေါင်း ဇန်နဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ရေကျနောက်စိုက် ပခန်းစပါးရိတ်သိမ်းပွဲနှင့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ်စိုက်ပျိုးဖြစ်ထွန်းမှုအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ ယမန်နေ့ ဇန်နဝါရီလ ၇ ရက်နေ့၊ညနေ ၂ နာရီအချိန်က ရောက်ရှိကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်နှင့်တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ပုသိမ်ခရိုင်ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးနှင့်ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတတ်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများက ရုံးပင်ကျေးရွာအုပ်စု၊ ရုံးပင်ကျေးရွာ၊ ကွင်းအမှတ် (၈၃၀A)၊ ဦးပိုင်အမှတ် (၁၂၂/၁)၊ ဧရိယာ (၆.၁၈) ဧက၊ တောင်သူဦးစိုးသန်း၊ ရေကျနောက်စိုက်(ပခန်း)အမျိုးအစား စပါးရိတ်သိမ်းပွဲသို့ တတ်ရောက်ကြကာ စံကွက်ရိတ်သိမ်း အကွက်အမှတ် (၁) မှ ၁၀၅ တင်း၊အကွက်အမှတ်(၂)မှ ၁၂၀ တင်း၊ အကွက်အမှတ်(၃)မှ ၁၁၆ တင်း၊ ပျှမ်းမျှ (၁၁၃) တင်း၊ (၁)ဧက သီးသန့်ရိတ်ရာ(၁၁၅)တင်း၊ အခြောက်ပေါင်ချိန်ကိရိယာဖြင့် ချိန်တွယ်ရာပျှမ်းမျှ (၁၁၄) တင်းထွက်ရှိခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းမှ တောင်သူများနှင့်ရင်းနှီးစွာတွေ့ဆုံ၍ တစ်သီးမှနှစ်သီး၊နှစ်သီးမှသုံးသီးစိုက်ပျိုးရေး၊ရိုးပြန်မကျန်ရှိအောင်စိုက်ပျိုးရေး၊နွေစပါးသီးနှံ ရေတင်စက်သုံးဆီ အခက်အခဲမရှိစေရေး ဆောင်ရွက်ပေးမည်တို့ကိုမှာကြား၍ ငါးဘတ်ချောင်း ကျေးရွာအုပ်စု၊လယ်တီကြီး ကျေးရွာတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) (၁)ဧကမျိုးစေ့ထုတ် စိုက်ပျိုးဖြစ်ထွန်းမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း (ပြန်/ဆက်)