ရွှေသောင်ယံ ဇန်နဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ.ထ.က ရွှေသောင်ယံတွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် (၇) နာရီအချိန်က အဆိုပါကျောင်းအစည်းအဝေးခန်းမဆောင်တွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှေးဦးစွာကျောင်းသူလေးများ၏ "ပညာရေးစုံညီပွဲတော်တို့နွဲပျော်" သီချင်းဖြင့် တေးသရုပ်ဖေါ်ကပြဖျော်ဖြေပြီး ကျောင်းအုပ်ဆရာမကြီးမှအမှာစကား ပြောကြားပေးပါသည်။
ထို့နောက် မြို့အုပ်ချုပ်ရေးမှူးမှ အမှာစကားဆက်လက်ပြောကြားပြီး ကျောင်းကော်မတီဉက္ကဋ္ဌမှ အမှာစကားဆက်လက်ပြောကြားပြီးနောက် ကာယ၊ ဥာဏ ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုများစတင်ချီးမြှင့်ပေးပါသည်။
ထို့နောက်အခမ်းအနားဒုတိယပိုင်းတွင်ကျောင်းသား၊ ကျောင်းသူများ၏ အကပဒေသာများဖြငိ့ဖျော်ဖြေခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့အ.ထ.က ရွှေသောင်ယံကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရွှေသောင်ယံမြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းကော်မတီများ၊ ကျောင်းသားမိဘများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ရွှေသောင်ယံ (ပြန်/ဆက်)