အလုံမြို့နယ်၌ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးပေး

အလုံ ဇန်နဝါရီလ ၈

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ မွေးကင်းစမှ အသက်  ၁ နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထိုးနှံပေးရာတွင် ငါးမျိုးစပ်ကာကွယ်ဆေး (ဆုံဆို့၊ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါဘီ၊ ဉီးနှောက်အမြှေးရောင်)၊ ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး၊ ပိုလီယိုအစက်ချဆေး၊ ပိုလီယိုထိုးဆေး၊ ဂျပန်ဉီးနှောက်ရောင်ကာကွယ်ဆေး၊ ဝက်သက်၊ ဂျိုက် သိုးရောဂါကာကွယ်ဆေး၊ ဘီစီဂျီ (ဉီးနှောက်တီဘီရောဂါကာကွယ်ဆေး)၊ ရိုတာဗိုင်းရပ်စ်ကြောင့်ဖြစ်သော ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ဆေးစသည့် ကာကွယ်ဆေးများကို ထိုနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးများကို လစဉ်လဆန်း ၁ ရက်နေ့မှ ၇ ရက်နေ့ထိ  ရုံးဖွင့်ရက်များတွင် နံနက် ၉ နာရီခွဲမှ  မွန်းလွဲ ၃ နာရီအထိ ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ  ကလေး  ၃၈  ဦးအား ထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

တင်တင်ချို  (ပြန်/ဆက်)