ထန်းတပင်မြို့နယ် အခြေခံပညာမူလတန်း(လွန်)သခင်မြကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားရေး နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်

ထန်းတပင်(ပဲခူး) ဇန်နဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာမူလတန်း(လွန်) သခင်မြကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဒုတိယဦးစီးမှူး ဒေါ်တင်အိအိဝင်းက ကျောင်းသူ၊ ကျောင်းသားများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုကြရေး၊ ကျောင်းစာကိုကြိုးစားကြသလို  ဗဟုသုတတိုးပွားရေးအတွက်  ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြစေရေးနှင့် စိတ်ပါဝင်စားမှုများရှိလာစေရန်အတွက် ဆင်ကလေးပါးအို့အအေးမိသွားပြီပုံပြင်နှင့် ကိုကိုပိုပိုနှင့်ပိုက်ဆံစုရအောင် ပုံပြင်များကိုပြောကြားပေးခဲ့ပြီး ကျောင်းသားကျောင်းသူများက ခင်းကျင်းထားသည့် စာအုပ်စာစောင်များကို စိတ်ကြိုက်ရွေးချယ်ဖတ်ရှုခဲ့ကြသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းတွင် ကျောင်းသူ၊ ကျောင်းသားများ ဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ စာစောင်များစသည့် ကလေးများအသိ ပညာတိုးပွားရေး  စာအုပ်စာပေများကို ခင်းကျင်းပြသခြင်း၊ လက်ဝယ်အရောက် ငှားရမ်းပေးခြင်းတို့အပြင်  စာဖတ်ရှိန်မြှင့်တင်ရေးလူကုန်ကူးမှုအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေးစသည့် အသိပညာပေးနံရံကပ်စာစောင်များတို့ကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများမှ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)