ရန်ကုန်မြို့၌ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများ ကိုးကွယ်နေသည့် ဘုရား၊ စေတီများကို ဖျက်ဆီးသူ အကြမ်းဖက်သမားများအား ဆန့်ကျင်ရှုတ်ချပွဲပြုလုပ်

ကျောက်တံတား    ဇန်နဝါရီ   ၁၀

မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများ ကိုးကွယ်နေသည့် ဘုရား၊ စေတီများကို ဖျက်ဆီးသူအကြမ်းဖက်သမားများအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့ နေ့လယ်၂ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန့်ကျင်ရှုတ်ချပွဲတွင် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများ ကိုးကွယ်နေသည့် ဘုရား၊ စေတီများကို ဖျက်ဆီးသူအကြမ်းဖက်သမားများအား ဆန့်ကျင်ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်ပြောကြားခဲ့ကြပြီး “အကြမ်းဖက်ဆန့်ကျင်ရေး ဘာသာသာသနာစော်ကားသူများ ဆန့်ကျင်ကြ” ဗီနိုင်းများပိုစတာများကိုင်ဆောင်၍ ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။

 

ကျောက်တံတား(ပြန်/ဆက်)