ဘုတ်ပြင်း ဇန်နဝါရီ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ အ.ထ.က-ဘုတ်ပြင်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက်က အဆိုပါကျောင်း နရဝတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ဘုတ်ပြင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေးနှင့် အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ခရိုင်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသားမိဘများ ၊ကျောင်းသားကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို ကျောင်းသားကျောင်းသူများက ကြိုဆိုပါသည် စုံညီပွဲတော် သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။ ယင်းနောက် အ.ထ.က-ဘုတ်ပြင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်လှအေးက တစ်နှစ်တာလုပ်ဆောင်မှုများ၊ ကျောင်း၏တိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်ချက်များနှင့် ရှေ့ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ဉာဏပြိုင်ပွဲများနှင့် စုံညီပွဲတော် အထိမ်းအမှတ် ကာယ ပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား/ကျောင်းသူများအား ဘုတ်ပြင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေးနှင့်အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင်များ၊ ဆရာ၊ဆရာမများ၊ ကျောင်းသားမိဘများနှင့် အလှူရှင်များက ဆုများ အသီးသီး ပေးအပ်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများက အကပဒေသာ တေးသရုပ်ဖော် အကများဖြင့် တင်ဆက်ကပြဖျော်ဖြေဧည့်ခံကြရာ တက်ရောက်လာကြသည့် ဧည့်သည်တော်များက ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)