သတင်းများ

ကလိန်အောင်မြို့၊ ကော့လှိုင်ကျေးရွာ အခြေခံပညာမူလတန်း(လွန်) နတ်အိမ်တောင်ကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Jan 23,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ကော့လှိုင်ကျေးရွာ အခြေခံပညာမူလတန်း(လွန်) နတ်အိမ်တောင်ကျောင်းခန်းမ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီက ကျင်းပသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME အရောင်းပြခန်း၊ ဒေသအစားအစား ရောင်းချခန်းနှင့် အရောင်းပြခန်း ခင်းကျင်းပြသနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Jan 23,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မကွေးတိုင်းဒေသကြီးကိုယ်စားပြု MSME အရောင်းပြခန်း၊ ဒေသထွက်အစားအစား ရောင်းချခန်းနှင့် အရောင်းပြခန်း ခင်းကျင်းပြသနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မကွေးတိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျောင်းတွင်းစာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီ၊ ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပ
Jan 23,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျောင်းတွင်း စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီ၊ ကျပန်းစကားပြောပြိုင်ပွဲများကို ယနေ့နံနက်(၉) နာရီက ကျင်းပခဲ့သည်။
ကြံခင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပန်းချီပြိုင်ပွဲကျင်းပ
Jan 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပန်းချီပြိုင်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ် အ.မ.က (၄၀) ကျောင်းတွင် စာကြည့်တိုက်အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်
Jan 23,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အ.မ.က(၄၀)ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ချမ်းအေးသာစံမြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် အသိပညာပေး ဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပ
Jan 23,2024
ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ပြည်ထောင်စုနေ့အကြောင်း အသိပညာပေး ဟောပြောပွဲနှင့် အထိမ်းအမှတ် ပြိုင်ပွဲများကို ယနေ့ နံနက် (၉)နာရီက Community Centre တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဒေါပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတကြွယ်ဝစေရေး နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲခင်းကျင်းဆောင်ရွက်
Jan 23,2024
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ကြွယ်ဝစေရန်ရည်ရွယ်၍ နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၂) အခြေခံပညာ အလယ်တန်းကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ဗန်းမော်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ
Jan 23,2024
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းတို့ ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူလူငယ်များ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို သိရှိနားလည်တတ်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ဇန်နဝါရီ ၂၃ ရက် နံနက်(၉)နာရီခွဲခန့်က မင်္ဂလာရတနာခန်းမတွင် ကျင်းပကြောင်း သိရသည်။