သတင်းများ

မော်လမြိုင်မြို့၌ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ
Jan 23,2024
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မော်လမြိုင်မြို့ သမာဓိကိုယ်ပိုင်အထက်တန်းကျောင်းတို့ပူးပေါင်း၍ ယနေ့ခေတ်ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား (၁၄)ကြိမ်မြောက် လစဉ်ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုတို့အား သွားရောက်ကြည့်ရှုအားပေး
Jan 23,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား (၁၄)ကြိမ်မြောက်လစဉ် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုတို့အား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချနေမှုများကြည့်ရှုအားပေး၊ စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jan 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား သက်သာသော ဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချနေမှုများနှင့် ကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေ မှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့် အတူ ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ညောင်ရွှေမြို့ အ.မ.က(၇)၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးပြပွဲ ဆောင်ရွက်
Jan 23,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးသည် ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ စာဖတ်ခြင်းအလေ့အထကောင်းများ ရရှိလာစေရန် ရည်ရွယ်ချက်ဖြင့် အခြေခံပညာကျောင်းများသို့ သွားရောက်၍ လူငယ်အသိပညာပေးဟောပြောပွဲများနှင့် အသိပညာပေးပြပွဲများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ညောင်ရွှေမြို့၊ အမှတ်(၇) အခြေခံပညာမူလတန်းကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးပြပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရေတာရှည်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်းနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းပြုလုပ်
Jan 23,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို လစဉ်(၂၁)ရက်နေ့မှစတင်ထုတ်ပေးလျက်ရှိရာ ယမန်နေ့နံနက်(၇)နာရီမှစတင်၍ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေးလျက်ရှိသည်။
ပင်လောင်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား အခြေခံစားသောက်ကုန်များနှင့် အဝတ်အထည်များ ထောက်ပံ့ပေးအပ်
Jan 23,2024
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများကို နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှအခြေခံစားသောက်ကုန်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အဝတ်အထည်များအား ယနေ့နံနက်ပိုင်းက ဘက်စုံသုံးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် ပခုက္ကူတက္ကသိုလ်၏ (၂၃)နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ကြားပွဲ တက်ရောက်
Jan 23,2024
ပခုက္ကူတက္ကသိုလ်၏ (၂၃)နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် "Challenges and Opportunities of Climate Change and Enhancing Sustainable Development" သုတေသနစာတမ်းများဖတ်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ပင်မဆောင်(ဘွဲ့နှင်းသဘင်ခန်းမ)တွင်ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး မျိုးဝင်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များ၊ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဌာနအသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ပေါင်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းများ ဆောင်ရွက်
Jan 23,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို ယနေ့နံနက်က ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ တာဝန်ရှိသူများပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။