မကွေး ဇန်နဝါရီ ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မကွေးတိုင်းဒေသကြီးကိုယ်စားပြု MSME အရောင်းပြခန်း၊ ဒေသထွက်အစားအစား ရောင်းချခန်းနှင့် အရောင်းပြခန်း ခင်းကျင်းပြသနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မကွေးတိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က တိုင်းဒေသကြီးအတွင်းရှိ MSME ထုတ်ကုန်များ စုံလင်စွာခင်ကျင်းပြသနိုင်ရေး၊ ဒေသထွက် ထုတ်ကုန်များနှင့် အစားအသောက်များကို ပြည်သူများအဆင်ပြေချောမွေ့စွာ ဝယ်ယူရရှိနိုင်ရေးတို့ကို တက်ရောက်လာကြသည့် ကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းပူးပေါင်းကာ ဆောင်ရွက်ကြစေလိုကြောင်း ကြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်က မကွေးတိုင်းဒေသကြီးကိုယ်စားပြု MSME အရောင်းပြခန်း၊ ဒေသထွက်အစားအစားရောင်းချခန်းနှင့် အရောင်းပြခန်းခင်းကျင်းပြသနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ကော်မတီဝင်များက မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြရာ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ကို (ပြန်/ဆက်)