သတင်းများ

မြိတ်မြို့ လေးကျွန်းဆီမီးစေတီတော်တွင် ဥပ္ပါတသန္တိပရိတ်တော်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကျင်းပ
Jan 24,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်၌ မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပလျက်ရှိသည့် ဥပ္ပါတသန္တိပရိတ်တော်ရွတ်ဖတ်ပူဇော်ပွဲကို (၉)ရက်တိုင်တိုင် ဥပ္ပါတသန္တိပရိတ်တော်အား အလှည့်ကျ ဘာဏကအဖွဲ့ ဆရာတော်များမှ ရွတ်ဖတ်ပူ‌ဇော်ခဲ့ကြပြီး အောင်ပွဲကိုယမန်နေ့ ညနေ (၄)နာရီက ကျင်းပခဲ့ကြသည်။
ပင်းတယမြို့အလှကျက်သရေဆောင် သဘာဝပုန်းတလုတ်ရေကန် သာယာလှပစေရေး သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်
Jan 24,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဓနုလူမျိုးအများစုနှင့် ပအိုဝ်း၊ ပလောင်၊ ကရင်၊ ရှမ်း၊ မွန်နှင့်ဗမာ စသည်တို့ နေထိုင်ကြပြီး၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ ရှေးဟောင်းစေတီ၊ တန်ခိုးကြီးဘုရားများဖြင့် ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည်များ အထူးစိတ်ဝင်တစား လာရောက် လည်ပတ်လေ့ရှိသည့် မြို့ဖြစ်ရာ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ယမန်နေ့က သဘာဝပုန်းတလုတ်ရေကန်သာ လမ်းဘေးဝဲယာတစ်လျှောက် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲဖွင့်ပွဲကျင်းပ
Jan 24,2024
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်း အနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေမန္တလာအားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ စည်ပင်သာယာရေးဝန်ကြီး၊ မြို့တော်ဝန် ဦးကျော်ဆန်း၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတ ရေးရာဝန်ကြီး ဦးရွှေဇင်၊ လူမှုရေးရာဝန်ကြီး ဦးစိုးလွင်၊ ဥပဒေချုပ် ဦးမြင့်အောင်၊ တိုင်းဒေသကြီး အားကစားနှင့်ကာပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်လင်းအောင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်မိုးဝင်း၊ တိုင်းဒေသကြီးဘောလုံးဆပ်ကော်မတီဥက္ကဋ္ဌ ဦးစောငြိမ်း၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူ၊ အုပ်ချုပ်သူများ၊ နည်းပြများ၊ ပြိုင်ပွဲဝင်အားကစားသမာများ၊ အားကစားဝါသနာရှင်များ စုစု ပေါင်း ၁၀၀၀ ဦးခန့်တက်ရောက်အားပေးကြသည်။
ရွှေပြည်သာမြို့နယ်၌ စာအုပ်စာ‌စောင်ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်းနှင့် စာအုပ်လှူဒါန်းပွဲကျင်းပ
Jan 24,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက် (၉) နာရီခွဲတွင် စာအုပ်စာ‌ စောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာရေးဆရာမြင်းခြံကျော်အောင် ရေးသားသည့် ဘဝဇာတ်ခုံဖြစ်ရပ်စုံစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပကြောင်း သိရသည်။
မြဝတီမြို့ အ.ထ.က(၃)၌ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Jan 24,2024
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမဆောင်၌ကျင်းပသည်။
မန္တလေးမြို့ အ.ထ.က(၂၅)တွင် မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေးအသင်း(ဗဟို)က မူးယစ်ဆေးဝါး အသိပညာပေးဟောပြောပွဲပြုလုပ်
Jan 24,2024
ပညာရေးဝန်ကြီးဌာန၊ အ‌ခြေခံပညာဦးစီးဌာနနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေးအသင်း(ဗဟို)တို့ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မန္တလေး၊ အောင်မြေသာစံမြို့နယ်၊‌ မြောက်ပြင်၊ ဥပုသ်တော်ရပ်ကွက်ရှိ အမှတ်(၂၅)အခြေခံပညာ အထက်တန်းကျောင်း၊ မြရတနာပုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကာလိမြို့၌ ‌ရွှေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းခြင်းလုပ်ငန်း ဆောင်ရွက်
Jan 24,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ ကျောင်းသား၊ ကျောင်းသူများ ပြင်ပဗဟုသုတများ ရရှိစေရန်၊ စာပေဖတ်ရှု့လေ့လာတက်စေရန်နှင့် အသိပညာဗဟုသုတများတိုးပွားစေရန်ရည်ရွယ်၍ ယနေ့ နံနက် (၁၀)နာရီအချိန်က အခြေခံပညာအလယ်တန်း(ခွဲ) ကျိုင်းလွန်းကျောင်း ရွှေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့တွင် မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်းအခြေပြု မီးဘေးနှင့်သဘာဝဘေးအန္တရာယ်လျှော့ချရေး အသိပညာပေးဆောင်ရွက်
Jan 24,2024
တနင်္သာရီတိုင်း​ဒေသကြီး၊​ ကော့သောင်းခရိုင်၊ ​ကော့သောင်းမြို့တွင် မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်းအခြေပြု မီးဘေးနှင့်သဘာဝဘေးအန္တရာယ်လျှော့ချရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။