ဒဂုံဆိပ်ကမ်း ဇန်နဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျောင်းတွင်း စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီ၊ ကျပန်းစကားပြောပြိုင်ပွဲများကို ယနေ့နံနက်(၉) နာရီက ကျင်းပခဲ့သည်။
အဆိုပါ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီ၊ ကျပန်းစကားပြောပြိုင်ပွဲများကို အ.ထ.က(၁)မှ ကျောင်းအုပ်ဆရာကြီးဦးဇော်မျိုးထွဋ်နှင့် ဆရာမများက အနီးကပ်ကြီးကြပ်၍ Grade-8 မှ Grade-11 ထိ ကျောင်းသား/သူများမှ စာစီစာကုံးပြိုင်ပွဲတွင် “သွေးချင်းချစ်ကြည် မြန်မာပြည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပန်းချီပြိုင်ပွဲတွင် “စည်းလုံးခြင်းသည် အင်အား” ခေါင်းစဉ်ဖြင့်လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး Grade-8 မှ Grade-11 အထိ ကျောင်းသား/သူများက ကဗျာပြိုင်ပွဲတွင် “စည်းလုံးခြင်းသည် အင်အား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆောင်းပါးပြိုင်ပွဲတွင် “သွေးချင်းချစ်ကြည် မြန်မာပြည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade- 8 မှ Grade-11 ထိ ကျောင်းသား/သူများက ကျပန်းစကားပြောပြိုင်ပွဲတွင် “ညီနောင်ပေါင်းစု တို့ပြည်ထောင်စု”ခေါင်းစဉ်အသီးသီးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အေးမဥ္ဇူ