သတင်းများ

နှစ် ၁၀၀ ပြည့်ခဲ့ပြီဖြစ်သော ယွန်းပညာကောလိပ်၏ သမိုင်းကြောင်း
Jan 23,2024
သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအောက်ရှိ ယွန်းပညာကောလိပ်(ပုဂံ)ကို ၁၉၂၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် မြန်မာ့ယွန်းသိပ္ပံအဆင့်၊ ၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ယွန်းပညာကောလိပ်ဟူ၍ အဆင့်ဆင့်တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခဲ့သည်။
ဇေယျာသီရိမြို့နယ် ကျောက်ချက်အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Jan 23,2024
ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းတွင် ကျောက်ချက် အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
တာလေမြို့၊ ကျောက်စီဂုံးတံတားပေါ်ရှိ သံဘေလီတံတားပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးနှင့် သတ်မှတ်တန်ချိန်သာ ဖြတ်သန်းသွားလာနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Jan 23,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ကျောက်စီဂုံးတံတားပေါ်ရှိ သံဘေလီတံတားပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးနှင့် သတ်မှတ်တန်ချိန်သာ ဖြတ်သန်းသွားလာနိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မှော်ဘီမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Jan 23,2024
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာနနှင့် အခြေခံပညာဉီးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အ.လ.က လေထီး (မှော်ဘီ) ကျောင်း သဇင်ခန်းမ၌ ကျင်းပခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင် (၇) ခုအား တတိယအကြိမ် တင်ဒါ/ဈေးပြိုင်စနစ်ဖြင့် ရောင်းချပေး
Jan 23,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ရောင်းချရန်ရှိသည့် အရပ်ရပ်အခွင့်အရေးလိုင်စင် (၁၇) ခုအနက်မှ လုပ်ငန်းရှင်များမှ ဝယ်ယူလုပ်ကိုင်ရန် လျှောက်လွှာတင်သွင်းလာသည့် ကျေးလက်သားသတ်လုပ်ငန်းလိုင်စင်နှင့် အခြားအခွန်ကောက် လုပ်ငန်းလိုင်စင် (၇) ခုအား တတိယအကြိမ် တင်ဒါ/ ဈေးပြိုင်စနစ်ဖြင့် ရောင်းချပေးခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းရှူးမြို့၌ ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်း ဆောင်ရွက်
Jan 23,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၉နာရီခွဲအချိန်က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အမှတ် (၄) ရပ်ကွက်တွင် စတင်ဆောင်ရွက်သည်။
မိုင်းတုံမြို့နယ်၊ ဘုန်းကြီးကျောင်းများရှိ ရဟန်းသံဃာများနှင့် သာမဏေများအား ကျန်းမာရေးစောင့်ရှောက်မှုပေး
Jan 23,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ ဘုန်းကြီးကျောင်းများမှ ရဟန်းသံဃာများနှင့် သမဏေများအား ၂၀၂၄ ခုနှစ်၊ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြို့မမွေတော်ကျောင်းတွင်စု၍ မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာသက်ခိုင်မင်းနှင့် ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုပေးရာ ခရိုင်အ‌ထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးနှင့်အဖွဲ့များက သွားရောက်ကြည့်ရူ့အားပေးခဲ့ကြကြောင်း သိရသည်။
ကျိုင်းလပ်မြို့ ကလေးစာဖတ်ခန်း၌ ပုံပြင်‌ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ
Jan 23,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ယ‌နေ့နံနက် (၁၀) နာရီက ပုံပြင်‌ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို အဆိုပါရုံးရှိ ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။