ဗန်းမော် ဇန်နဝါရီ ၂၃
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းတို့ ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူလူငယ်များ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို သိရှိနားလည်တတ်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ဇန်နဝါရီ ၂၃ ရက် နံနက်(၉)နာရီခွဲခန့်က မင်္ဂလာရတနာခန်းမတွင် ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ အစိုးရနည်းပညာအထက်တန်းကျောင်းအုပ်ဆရာကြီး ဦးကြည်ဇော်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက "ကျောင်းသား၊ ကျောင်းသူ လူငယ်များအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်ပက်သက်သည့် အသိပညာဗဟုသုတများကို ရရှိစေသော ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း " ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပရာ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ကာ အစိုးရနည်းပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ဖြစ်ကြသည့် ဒုတိယနှစ်ကျောင်းသား မောင်ဘုန်းပြည့်အောင်က " တိုင်စာများနှင့် ဥပဒေ "ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယနှစ်ကျောင်းသား မောင်သူရထက်ခိုင်က " အဂတိ လိုက်စားမှုဆိုသည်မှာ " ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ ဒုတိယနှစ်ကျောင်းသူ မခြူးခြူးမော် က "အဂတ်ိလိုက်စားခြင်း၏ အကျိုး နှင့် အပြစ်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပထမနှစ်ကျောင်းသူ မစန်းအိအိငြိမ်းက "အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်းကြားရာတွင် သတိပြုရမည့် အချက်များ " ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြပြီး စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန် မေးခွန်းများ မေးမြန်းဆွေးနွေးခဲ့ကြပြီး ဦးဆောင်ဆွေးနွေးသူ ဦးအောင်ကျော်ထွန်းက စကားဝိုင်းနှင့်ပက်သက်၍ နိဂုံးချုပ်သုံးသပ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)