ကြံခင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပန်းချီပြိုင်ပွဲကျင်းပ

ကြံခင်း ဇန်နဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပန်းချီပြိုင်ပွဲကို ယမန်နေ့  နေ့လယ်ပိုင်းက  ကျင်းပပြုလုပ်ခဲ့သည်။

ပထမဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်မှ ပန်းချီပြိုင်ပွဲကျင်းပခြင်းဖြင့် ကျောင်းသား၊  ကျောင်းသူများ ဖြတ်ထိုးဉာဏ်ဖွံ့ဖြိုး ထက်မြက်စေရန်၊ ဉာဏ်ရည်၊ ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန်၊ ဗဟုသုတစုံလင်စွာ ရရှိစေရန် ရည်ရွယ်ပြီး ကျင်းပပြုလုပ်ခဲ့ကြောင်း ပြောကြားသည်။

ထိုနောက် ပန်းချီပြိုင်ပွဲ စတင်ကျင်းပရာ အခြေခံပညာမူလတန်း (ကဇင်းကြီ) ကျောင်းမှ (G-3)၊ (G-4) ကျောင်းသား/ကျောင်းသူ(၃၀)ဦးတို့က မိမိနှစ်သက်ရာ "စိတ်ကြိုက်ပန်းချီ" ဖြင့် ဝင်ရောက် ယှဉ်ပြိုင်ကြပြီး  ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဆုပေးပွဲအခမ်းအနားကျင်းပ၍ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းနှင့်   အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်၊  စာစောင်ပြသထားခြင်းအား  စိတ်ဝင်စားစွာဖြင့်  ဖတ်ရှုလေ့လာကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)