သတင်းများ

ရောင်ခြည်ဦးရောင်းဝယ်ရေး သမဝါယမအသင်းလီမီတက်၏ နှစ်ပတ်လည်အစည်းအဝေးကျင်းပ
Jan 30,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ရောင်ခြည်ဦးရောင်းဝယ်ရေးသမဝါယမ အသင်းလီမီတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်းကွင်းဆင်း စစ်ဆေးခြင်းများဆောင်ရွက်
Jan 30,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူး ၍ မြို့နယ်အတွင်းရှိ ကျေးရွာ/ရပ်ကွက်များသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး တစ်အိမ်တက် ဆင်းကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၁၀)နာရီအချိန်က ကန်ကြီးထောင့်မြို့နယ်၊ ညောင်ငူ‌ကျေးရွာအတွင်းရှိ ဘုန်တော်ကြီးကျောင်းနှင့် နေအိမ်များအား လိုက်လံစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
တောင်ငူမြို့၌ ကျောင်းအခြေပြု ဆုံဆို့နာရောဂါနှင့် မေးခိုင်ရောဂါ (DT) ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများဆောင်ရွက်
Jan 30,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများသည် အသက် (၅) ပြည့်ပြီး (၇) နှစ်မကျော်သော KG ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့နာရောဂါနှင့် မေးခိုင်ရောဂါ (DT) ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
“ဆေးလိပ်၊ ကွမ်းယာ ကင်းစင်ပ စာသင်ကျောင်းကစ” ခေါင်းစဥ်ဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jan 30,2024
ကျောင်းသား၊ လူငယ်များအနေဖြင့် ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ်ကို သိရှိရှောင်ရှားစေရန်အတွက် ရည်ရွယ်ကာ "ဆေးလိပ်၊ ကွမ်းယာ ကင်းစင်ပ စာသင်ကျောင်းကစ" ခေါင်းစဥ်ဖြင့် အလယ်တန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဥတ္တရသီရိမြို့နယ် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
Jan 30,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။
ကျိုက်လတ်မြို့နယ်တွင် ကျောင်းအခြေပြု (KG) ကျောင်းသား/သူများအား ဆုံဆို့နာ - မေးခိုင်ကာကွယ်ဆေး ထိုးနှံခြင်းအစီအစဥ် ဆောင်ရွက်
Jan 30,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက (KG) တန်းတွင် တက်ရောက်နေသော ကျောင်းသား/သူများကို ကျောင်းအခြေပြု ဆုံဆို့နာနှင့် မေးခိုင် ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်ကို ယနေ့ နံနက်(၉)နာရီက အခြေခံပညာ အထက်တန်းကျောင်းများတွင် စတင်ဆောင်ရွက်ခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်၌ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
Jan 30,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီခွဲ အချိန်က အမှတ် (၄) ရပ်ကွက်၊ သုတလမ်းအတွင်းရှိ ပြည်သူများအား မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဗိုလ်တထောင်မြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ KG ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့နာနှင့် မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ရပ်ကွက်အတွင်းအသက် ၆၅ နှစ်ကျော် အဘိုးအဘွားများ၊ ၁၈ နှစ်အထက် နာတာရှည်ရောဂါရှိသူများ Pfizer ထိုးနှံပေး
Jan 30,2024
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုတိုးချဲ့ကာကွယ်ဆေးလုပ်ငန်းဌာနခွဲသည် ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသော ရောဂါများဖြစ်ပွားသေဆုံးမှုနှုန်း လျော့နည်းစေရေးအတွက် ကျောင်းသား ကျောင်းသူများအား ဆုံဆို့နာနှင့် မေးခိုင်ကာကွယ်ဆေး DT (Diphtheria Tetanus) များ ထိုးနှံခြင်းကို ဇန်နဝါရီစတုတ္ထပတ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် အတွင်းရှိကျောင်းအခြေပြု အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများတွင် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။