သတင်းများ

တောင်သာမြို့နယ် ကြည်အိုင်ကန်တောတိုက်၌ ပြည်သူပူးပေါင်းပါဝင်မှုဖြင့် ရေစက်ရုံ၊ ရေကန်တည်ဆောက်
Jan 30,2024
တောင်သာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့်ဇဂျမ်းအုပ်စု၊ ကြည်အိုင်ကန်တောတိုက်၌ စက်ရေတွင်း တူးဖော်အောင်မြင်ခဲ့သဖြင့် ပြည်သူ ပူးပေါင်းပါဝင်မှုဖြင့် ရေစက်ရုံနှင့် အမြင့်တင်ရေစင် ထပ်မံဆောင်ရွက်လျက်ရှိရာ ယမန်နေ့က တာဝန်ရှိသူများက သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
မြန်အောင်-ရွှေပြည်သာရေနံမြေ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ် လူမှုရေးတာဝန်သိမှု(CSR) ရန်ပုံငွေဖြင့် လှူဒါန်းသော Projector နှင့် ဆက်စပ်ပစ္စည်းတစ်စုံအား မြို့နယ်ပြန်/ဆက်ဦးစီးဌာနသို့ ပေးအပ်လှူဒါန်း
Jan 30,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်-ရွှေပြည်သာရေနံမြေ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ် လူမှုရေးတာဝန်သိမှု(CSR)ရန်ပုံငွေဖြင့် လှူဒါန်းသော Projector နှင့် ဆက်စပ်ပစ္စည်းတစ်စုံအား မြို့နယ်ပြန်/ဆက်ဦးစီးဌာနသို့ ပေးအပ်ပွဲကို ယမန်နေ့နေ့လည် ၃ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပသည်။
မိုင်းယောင်းမြို့တွင် မြို့နယ်/မြို့အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ စုပေါင်း၍ (၁/၂၀၂၄)လအတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jan 30,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဗလမင်းထင်ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်/မြို့အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ စုပေါင်း၍ (၁/၂၀၂၄)လအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။
မင်းဘူး (စကု) မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဘက်စုံထူးချွန်ဆု ပေးအပ်ချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Jan 30,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်အဆင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဘက်စုံထူးချွန်ဆု ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မင်းဘူးမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုရာ အခမ်းအနားသို့ မင်းဘူးခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ ကျောင်းသူ (၃၈၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင် (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Jan 30,2024
မကွေးတိုင်းဒေသကြီးတွင် (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆင့်မြင့် ရှာဖွေကယ်ဆယ်ရေး နည်းစနစ်ကျွမ်းကျင်မှု သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
Jan 30,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေး နည်းစနစ်ကျွမ်းကျင်မှု သင်တန်းဆင်းပွဲ အခမ်းအနားကို တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
စလင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Jan 30,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်  စလင်းမြို့နယ်၌  ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူနိုင်ရေးအတွက်  အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းများကို ဇန်နဝါရီလ(၁၈)ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး စက်ရုံ၊ အလုပ်ရုံများသို့ ကွင်းဆင်းစစ်ဆေး
Jan 30,2024
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးလောင်မှုလျော့နည်းကျဆင်းစေရန်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ စက်ရုံ၊ အလုပ်ရုံများ၊ ဓာတ်ဆီဆိုင်များနှင့် ရပ်ကွက်၊ ကျေးရွာအတွင်းရှိ လူနေအိမ်များသို့ တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးလျှက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက ကောင်းထက်ကောင်းပဲကြော်လုပ်ငန်း၊ ချိုပဲကြော်လုပ်ငန်း၊ သင်းမြတ်ပဲကြော်လုပ်ငန်းများသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။