ဒဂုံမြောက် ဇန်နဝါရီ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ရောင်ခြည်ဦးရောင်းဝယ်ရေးသမဝါယမ အသင်းလီမီတက်၏ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ရောင်ခြည်ဦးရောင်းဝယ်ရေး သမဝါယမအသင်းသဘာပတိ ဦးအုန်းကျော်က ဆောင်ရွက်လျက်ရှိသော သမဝါယမလုပ်ငန်းများအကြောင်းနှင့် ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၂-၂၀၂၃ ခုနှစ်ဘဏ္ဍာရေးရှင်းတမ်းနှင့် အစီရင်ခံစာများကို တာဝန်ရှိသူများက ဖတ်ကြားအတည်ပြုခဲ့ပြီးနောက် အသင်းသားများ၏ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်အတွက် အစုပေါ်အမြတ်ငွေ ၄၆၁၂၃၈ ကျပ်အား ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ