“ဆေးလိပ်၊ ကွမ်းယာ ကင်းစင်ပ စာသင်ကျောင်းကစ” ခေါင်းစဥ်ဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မရမ်းကုန်း ဇန်နဝါရီ ၃ဝ

ကျောင်းသား၊ လူငယ်များအနေဖြင့် ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ်ကို သိရှိရှောင်ရှားစေရန်အတွက် ရည်ရွယ်ကာ  "ဆေးလိပ်၊ ကွမ်းယာ ကင်းစင်ပ စာသင်ကျောင်းကစ" ခေါင်းစဥ်ဖြင့် အလယ်တန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် စာရေးဆရာ မြေလတ်ထင်ကျော်မိုးက ဆုများရွေးချယ်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ထို့နောက်အလယ်တန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၂၀) ဦးဖြင့် အဖွဲ့ (၅) ဖွဲ့ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ဆုရရှိသည့်အဖွဲ့များကို တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပြီး အဆိုပါပြိုင်ပွဲများကို မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းတို့မှ ပူးပေါင်းစီစဥ်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ရဲထွန်း (ပြန်/ဆက်)