သတင်းများ

ခန္တီးမြို့၌ ရပ်ရွာအခြေပြုမုန့်မျိုးစုံပြုလုပ်နည်းသင်တန်းဖွင့်လှစ်
Aug 05,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်လူမှုဝန်ထမ်းရုံးနှင့် ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရပ်ရွာအခြေပြု မုန့်မျိုးစုံပြုလုပ်နည်းသင်တန်းကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်မှ စတင်ဖွင့်လှစ်လျက်ရှိ‌ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်အတွင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး ကွင်း‌ဆင်းဆောင်ရွက်
Aug 05,2025
ဧရာ၀တီတ်ိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက ဆင်ထုံးကျေးရွာအုပ်စုအတွင်းရှိ ရောင်ခြည်ထွန်း စာကြည့်တိုက်နှင့် ဓမ္မရောင်ခြည်စာကြည့်တိုက်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြဝတီမြို့တွင် ခြင်မှဖြစ်ပွားတတ်သောရောဂါများကာကွယ်ရေးကွင်းဆင်းဆောင်ရွက်
Aug 05,2025
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် ခြင်မှဖြစ်ပွားတတ်သော ရောဂါများ ကင်းဝေးစေရေးအတွက် မြဝတီမြို့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှပူးပေါင်း၍ ယနေ့မွန်းလွဲ ၂ နာရီ၌ အမှတ်(၃)ရပ်ကွက်၊ ဗညားဒလလမ်းတွင် ကလိုရင်းဆေးခတ်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းအားကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ပန်းတနော်မြို့နယ်၌ မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်မှု၊ ကိုယ်ဝန်ဆောင် မိခင်များအား မိခင်နို့စနစ်တကျတိုက်ကျွေးရေး အသိပညာပေးဟောပြောပွဲကျင်းပ
Aug 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်လှုပ်ရှားမှု၊ ကိုယ်ဝန်ဆောင်မိခင်များအား မိခင်နို့စနစ်တကျတိုက်ကျွေးရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာခရိုင် လူမှုစီးပွားဘဝစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေး
Aug 05,2025
မိတ္ထီလာမြို့သို့ နိုင်ငံတော်အကြီးအကဲ လာရောက်သည့်ခရီးစဉ်တွင် လမ်းညွှန်မှာကြားချက် အရဆောင်ရွက်သော မိတ္ထီလာခရိုင်၏ လူမှုစီးပွားဘဝစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉နာရီက ပန်းလေပြေ(ဝန်ဇင်း)ဟိုတယ်ခန်းမ၌ ကျင်းပသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း တည်ဆောက်ရေးလုပ်ငန်း အထောက်အကူပြုသင်တန်း ဖွင့်ပွဲအခမ်းအနားတက်ရောက်
Aug 05,2025
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ရခိုင်ပြည်နယ် MSME အေဂျင်စီနှင့်အစိုးရနည်းပညာအထက်တန်းကျောင်း(စစ်တွေ)တို့ ပူးပေါင်းဖွင့်လှစ်သည့် တည်ဆောက်ရေးလုပ်ငန်း အထောက်အကူပြု သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ရမည်းသင်းမြို့နယ်အတွင်း စပါးမျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်း
Aug 05,2025
မန္တလေးတိုင်းဒေသကြီး  ရမည်းသင်းမြို့နယ် အင်ကြင်းကန်ကျေးရွာမှ ဒေသခံ တောင်သူ ဦးဇော်၊ ကွင်းအမှတ်(၁၁၁၂)၌  စပါးတိုက်ရိုက်မျိုးစေ့ချကိရိယာ(Drum Seeder) အသုံးပြု၍ မိုးစပါးစိုက်ပျိုးနေမှုကို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကြည့်ရှုအားပေးသည်။
စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ပုသိမ်ကြီး)၌ လက်ဆွဲ မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် မိုးစပါးကွင်းသရုပ်ပြစိုက်ပျိုး
Aug 05,2025
ပုသိမ်ကြီးမြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၈၀) စက်မှုလယ်ယာစခန်းမှ လက်ဆွဲမျိုးစေ့ချကိရိယာဖြင့် မိုးစပါးကွင်းသရုပ်ပြစိုက်ပျိုးပွဲ အခမ်းအနားကို စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(ပုသိမ်ကြီး)၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အတူ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ပုသိမ်ကြီး) ကျောင်းအုပ်ကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ တောင်သူကြီးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။