ရမည်းသင်း ဩဂုတ် ၅
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ် အင်ကြင်းကန်ကျေးရွာမှ ဒေသခံ တောင်သူ ဦးဇော်၊ ကွင်းအမှတ်(၁၁၁၂)၌ စပါးတိုက်ရိုက်မျိုးစေ့ချကိရိယာ(Drum Seeder) အသုံးပြု၍ မိုးစပါးစိုက်ပျိုးနေမှုကို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကြည့်ရှုအားပေးသည်။
အဆိုပါစပါးမျိုးစေ့ချစိုက်ပျိုး ခြင်းဖြင့် စပါးမျိုးစေ့ချကိရိယာကိုတွင်ကျယ်စွာ အသုံးပြုလာစေရေး၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့အသွင် ကူးပြောင်းဆောင်ရွက်ခြင်းဖြင့် လုပ်သားရှားပါးမှုအခက်အခဲနှင့်အချိန်တိုအတွင်းစိုက်ဧကများစိုက်ပျိုးနိုင်သည့်အပြင်စပါးပန်းတိုင်အထွက်နှုန်းကောင်းမွန်စေသည့်အကျိုးများစွာ ရရှိစေကြောင်း ခရိုင်စက်မှုလယ်ယာဦးစီးမှူး ဦးသီဟဇော်က ရှင်းလင်းပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ခရိုင် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးစိန်မြင့်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စပါးမျိုးစေ့ချစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးပြီး ထနောင်းကုန်းကျေးရွာအုပ်စု ဝကုန်းကျေးရွာရှိ မိုးနေကြာနှင့် ငရုတ်ပန်းတိုင်အထွက်နှုန်းရရှိရေး စံပြစိုက်ခင်းနှင့် ဘွက်ကျေးရွာရှိ မိုးချည်မျှင်ရှည်ဝါ ပန်းတိုင်အထွက်နှုန်းရရှိရေး စံပြစိုက်ခင်းတို့ကိုလည်း သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သိမ့်သိမ့်မျိုး(ခရိုင် ပြန်/ဆက်)