သတင်းများ

ကျောက်ဆည်တက္ကသိုလ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တ‌ရာယ် အသိပညာပေး ဟောပြော
Aug 05,2025
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ကျောက်ဆည်တက္ကသိုလ်နှင့် ကျောက်ဆည်ခရိုင် အမှတ်(၉၂)ယာဉ်ထိန်းရဲတပ်ဖွဲ့တို့‌ပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်အသိပညာပေးဟောပြောပွဲကို ဩဂုတ် ၅ရက် မွန်းလွဲ ၁ နာရီခွဲက တက္ကသိုလ်ရှိ THEATRE ခန်းမ၌ ကျင်းပသည်။
‎မန္တလေးတက္ကသိုလ်၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Aug 05,2025
‎မန္တလေးတိုင်းဒေသကြီး၊ မန္တလေးတက္ကသိုလ်စီးပွားရေးပညာဌာန၌ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
ကော့သောင်းမြို့တွင် “မိသားစုဝင်ငွေတိုးရေးစီမံကိန်း” ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် “စက်ချုပ်သင်တန်း”ဆင်းပွဲအခမ်းအနားကျင်းပ
Aug 05,2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကော့သောင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ  “မိသားစုဝင်ငွေတိုးရေးစီမံကိန်း” ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် "စက်ချုပ်သင်တန်း"ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက် ဓမ္မာရုံတွင်ကျင်းပရာ အဆိုပါအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်တင့်၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ သင်တန်းနည်းပြနှင့်သင်တန်းသူများ တက်ရောက်ခဲ့သည်။
ကျွန်းစုမြို့တွင် အခွန်ဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ
Aug 05,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းရှင်များအား တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ ပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက အမှတ် ၁ ရပ်ကွက်ရှိ မြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။
ညောင်ဦးခရိုင်လူထုအခြေပြုဗဟိုဌာန၌ ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်
Aug 05,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဩဂုတ် ၅ ရက် မွန်းလွဲ ၂ နာရီက ငွေစာရင်းထိန်း သိမ်းနည်းသင်တန်းဖွင့်လှစ်သင်ကြားလျက်ရှိကြောင်းသိရသည်။
ဟုမ္မလင်းမြို့၌ အမျိုးသမီးများအား လူကုန်ကူးမှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ သက်ငယ်မုဒိန်းမှုသွေး ဆောင်ဖြားယောင်းခိုးယူမှုများကာကွယ်ရေး ဥပေဒေရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Aug 05,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူးကျင်းပပြုလုပ်သည့် အမျိုးသမီးများ အားလူကုန်ကူးမှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ သက်ငယ်မုဒိန်းမှုသွေးဆောင်ဖြားယောင်းခိုးယူမှုများ ကာကွယ်ရေးဥပေဒေရေးရာ အသိပညာပေးဟောပြောကို သြဂုတ် (၅) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်က ဟုမ္မလင်းမြို့၊ အ.ထ.က (၁) ဘိုးရာဇာခန်းမတွင် ကျင်းပပြုလုပ်သည်။
ရွာငံမြို့နယ် ကဇက်ကျေးရွာအခြေခံပညာအထက်တန်း(ခွဲ)ကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ
Aug 05,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့  ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို  အ.ထ.က (ခွဲ)(ကဇက်)ကျောင်းတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မန်ကန်မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Aug 05,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။