မက်မန်း ဩဂုတ် ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မွန်မွန်စိုးက စာအုပ်စာပေကောင်းများ ဖတ်ရှုခြင်းဖြင့် စိတ်ကူးသစ်၊ ဉာဏ်သစ်၊ အတွေးအခေါ်ကောင်းများရရှိနိုင်ခြင်း လူငယ်လူရွယ်များအနေဖြင့် ဘဝအောင်မြင်ရေးအတွက် စာများများ ဖတ်ရှုလေ့လာသင့်ကြောင်း အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ကလေးများ ပျော်ရွှင်စွာဆေးရောင်ခြယ်ခြင်း၊ ဗဟုသုတရရှိစေမည့် သုတ/ရသ စာအုပ်များကိုပြသခဲ့ရာ ကလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မွန်မွန်(ပြန်/ဆက်)